ပဋဂ္ဂိ = မီးကြို

ဓမ္မဘေရီဆရာတော်

???????
ဒီမနက်ဆရာတပည့်တွေစပ်မိကြတဲ့
ပါဠိသဒ္ဒါစကားဝိုင်းလေး။
“သဒ္ဒါဆိုတာ စကားအသုံးအနှုံးစည်းကမ်းပဲ၊
စည်းကမ်းမှန်ရုံနဲ့တော့စကားမဖြစ်ဘူး၊
ကိုယ့်စကားကိုယ်နားလည်ဖို့လဲလိုတယ်။
ကိုယ်သင်ခဲ့ရတုန်းက-
“ဝိသဒါကာရ=သန့်ရှင်းတဲ့အချင်းအရာဟာ
ပုလ္လိင်၊
အဝိသဒါကာရ=မသန့်ရှင်းတဲ့အချင်းအရာဟာဣတ္ထိလိင်”
ဆိုတာကို’ယောကျားမိန်းမ’ဆိုတဲ့
လူပုဂ္ဂိုလ်တွေနဲ့မှတ်ခဲ့ရတာ၊
“ဒီလိုဆို’မာတုဂါမော’ကဘယ်လိုလဲ”လို့
စောဒကတက်မိလို့
ဆရာသမားညိုငြင်တာခံဖူးတယ်။
ဒေးဒရဲနိကာယ်သင်တန်းရောက်မှ
အရှင်အာဒိစ္စဝံသအယူအဆကိုသိလိုက်ရတယ်။
“ပုရိသော’ပုရိသတည်၊သိသက်၊ဩပြု၊
အဲလိုရှင်းရှင်းလေးရုပ်ပြီးတာ
‘ဝိသဒါကာရ’ပေါ့ဗျာ။
‘ဣတ္ထီ’ဣတ္ထ’တည်၊ဤပစ္စည်းသက်၊
နာမ်ငဲ့၊ဝိဘတ်သက်၊ချေ၊
အဲလိုရှုပ်ထွေးတာ’အဝိသဒါကာရပေါ့ဗျာ။
ဘာ..မဟုတ်တဲ့ယောကျားမိန်းမတွေကို
ဟိုလှန်ဒီလှောဆွဲထည့်နေကြတာလဲ”ဆိုမှ
ရှင်းသွားတော့တယ်။
ငယ်ငယ်ကအမှတ်မှားခဲ့တဲ့အထဲမှာ-
‘ပဋဂ္ဂိ-မီးကြို’ဆိုတာလဲပါတယ်။
ဆရာသမားက-
“‘မီးကြို’ကိုမီးချို(ဂျို)လို့ယူပြီး-’
ရှေးက မီးရဖို့အတွက်
ကျွဲချိုကိုလုံတဲ့အပိုင်းကဖြတ်ပြီး
ပွတ်လုံးထိုးထားတာ။အရှည်လိုက်
အပေါ်ကအပေါက်အလောတော်ဖောက်၊
အပေါက်နဲ့အကိုက်ရှားနှစ်လိုမာတဲ့အသားနဲ့
အတန်လုံးလေးလုပ်၊
မီးလိုချင်တော့ အတန်လေးထိပ်မှာဖယောင်းလေးနဲ့ မှို့လဲနုနုလေးကပ်ပြီး
အားနဲ့ဆောင့်ထိုးချလိုက်ရင်မှု့ကို
မီးစွဲပြီးမီးရနိုင်တဲ့ချိုတဲ့။
ကိုလဲဘာမှမသိတော့ပြောရာမှတ်ထားခဲ့ရတာ။
တောင်စွန်းရောက်မှ
ညနေတိုင်းလာနေကျဒကာကြီး
မလာတာကို
နောက်နေ့ရောက်မှမေးကြည့်တော့-
“ရာဘာခြံ မီးကြိုသွားရှို့နေရလို့”တဲ့။
“မီးကြိုဆိုတာဘာလဲဗျ”ဆိုတော့
“နွေရာသီရောက်ပြီလေ၊တောမီးတွေလောင်လာရင်
ရော်ဘာခြံမီးမကူးအောင် ပတ်ပတ်လည်
ဆယ်ဂိုက်လောမီးကြိုရှို့ထားရတာ”တဲ့။
အဲဒီတော့မှ-
“ဟုတ်သားပဲ၊ပဋဂ္ဂိ-ပဋိအဂ္ဂိ=လောင်လာယ့်မီးကို
ဆန့်ကျင်ခုခံတဲ့မီးပဲ”လို့
သဘောပေါက်လိုက်တယ်။
လောကမှာလဲ ဒီးသဘောမျိုး
လောင်လာမည့်မီးကိုကြိုတင်ဆန့်ကျင်
ရှို့ထားရတဲ့’ပဋဂ္ဂိ’တွေအများကြီးရှိတယ်။
ဒုက္ခမလာနိုင်အောင် ဒုက္ခ(အပင်ပန်း)
ကြိုခံကြိုးစားထားရတာတို့..
တခြားလဲ သူရောက်မလာခင်
ကိုယ်ကကြိုတင်ခုခံကာကွယ်ထားရတာတို့ပေါ့။
ကိုယ်ကကြိုတင်ဆန့်ကျင်ရှို့မထားမိရင်
သူကကိုယ့်ကိုလောင်လာမှာလေ..
စတဲ့ စတဲ့
လောကရေးဓမ္မရေး စပ်မိစပ်ရာများပါ။
ဆင်ခြင်စဉ်းစား
သတိထားစရာပေါ့ဗျာ…
၂၇.၄.၂၃
???????????

 

ဓမ္မဘေရီဆရာတော်
04-26-2023
Facebook