အိုနေ့မင်္ဂလာ

ဓမ္မဘေရီဆရာတော်

 
အိုနေ့မင်္ဂလာ
???‍♂️?‍???
ဗုဒ္ဓဒေသနာတော်များအလိုအရ
ဘဝဆိုတာ
မွေးခြင်း၊အိုခြင်း၊သေခြင်းဆိုတဲ့
အခိုက်အတန့်သုံးခုပေါင်းကိုခေါ်တာပါ။
ဒီသုံးခုမှာလဲ-
မွေးခြင်းနဲ့သေခြင်းက
'ဥပါဒ်,ဌီ,ဘင်'စိတ္တက္ခဏကာလ​လေးတစ်ခုမျှဖြစ်လို့
ဘာမှမသိလိုက်ရသလို
ကြက်သရေမင်္ဂလာရှိတယ်,မဲ့တယ်လို့လဲ
ပြောစရာမရှိပါဘူး။
မွေးခြင်းနဲ့သေခြင်းရဲ့ကြားကာလကြီးကို
'ဇရာ=အိုနေတဲ့ကာလ'လို့ခေါ်ပါတယ်။
အချိန်ကာလကလဲလူ့သက်တန်းနဲ့အမျှ
ကြာရှည်ပါတယ်။
??လူတွေ"အသက်ရှည်ကြတယ်"
ဆိုတာ"အိုချိန်"ကြာကြာကြုံခွင့်ရနေတာပါပဲ။
?‍♂️"အသက်တိုတယ်"ဆိုက
"အိုချိန်"သိပ်မရရှာဘူးလို့ပြောတာပါ။
ဒီ"အိုခွင့်ရချိန်"ကာလအတွင်းမှာ
လူတိုင်းဟာ
ကိုယ့်ကိုယ်ကိုယ်ကိုးကွယ်ရာဖြစ်အောင်ရော၊
အများရဲ့အားထားကိုးကွယ်ရာဖြစ်အောင်ရော
လုပ်နိုင်ခွင့်ရကြတဲ့အတွက်
ဘဝရဲ့ တကယ့်မင်္ဂလာအရှိဆုံးကာလဟာ
'ဇရာ'ဆိုတဲ့'အိုချိန်,အိုနေ့'ကာလရှည်ကြီးပါပဲ။
လူတွေဟာ'မွေးနေ့မင်္ဂလာ'ဆိုပြီး
အမှတ်တရပွဲတို့၊ကုသိုလ်ပွဲတို့လုပ်လေ့ရှိကြတယ်။
တကယ်တော့'မွေးနေ့'က
မိဘများသာသိခွင့်ရခဲ့တဲ့'တစ်နေ့တာ'လေးပါ။
ကိုတကယ်သိနေ,ကြုံနေရတာက
'အိုနေ့'တွေ..တစ်ရက်ကနေ ရက်ပေါင်း
သုံးသောင်းကျော်လောက်ထိပါ။
မွေးနေ့ကုသိုလ်ဆို'တစ်နှစ်'မှ'တစ်နေ့'ပဲ
ကုသိုလ်လုပ်ဖြစ်မယ်။
"အိုနေ့မင်္ဂလာကုသိုလ်"ဆိုရင်တော့-
တစ်နှစ်ရက်ပေါင်းသုးရာ့ခြောက်ဆယ်နီးပါး၊
နေ့တိုင်းကုသိုလ်လုပ်ဖြစ်နေမှာ။
?ကုသိုလ်နဲ့သာအမြဲနေထိုင်ခြင်းဟာ
'မင်္ဂလာ'ဖြစ်တယ်ဆိုတဲ့
☸️ဗုဒ္ဓရဲ့အဆုံးအမအလိုတော်အရဆို
အိုနေ့များကသာတကယ့်မင်္ဂလာအစစ်ပါ။
လူအတော်များများကပဲ'အိုခြင်း'ဆိုတဲ့အရာကို
ကြောက်ရွံ့မုန်းတီးတတ်ကြတယ်။
အိုခြင်းကိုမုန်းတီးတာဟာ
သက်ရှင်နေထိုင်ခွင့်ကိုမုန်းတီးနေတာပါပဲ။
"သင်..ဆက်လက်အိုခွင့်မရှိစေရ!"ဆိုရင်
ဒါဟာ'သေမိန့်'ချမှတ်ခံလိုက်ရတာပါပဲ။
သက်တမ်းပြည့်လို့ဖြစ်စေ၊
ကံတမ်းပြည့်လို့ဖြစ်စေ၊
နှစ်မျိုးစုံပြည့်လို့ဖြစ်စေ၊
ရုတ်တရက်ကြုံရတဲ့အန္တရာယ်ကြောင့်ဖြစ်စေ
ဒီအကြောင်းလေးမျိုးကြောင့်
သင်္ခါရတရားရုံကသေမိန့်ပေးနိုင်တယ်လို့
အဘိဓမ္မာကျမ်းကဆိုပါတယ်။
ဒီအကြောင်းတရားလေးခုမကြုံသေးလို့
အိုနေ့များနဲ့လက်တွဲခွင့်ရနေတဲ့အချိန်မှာ
အိုခြင်းရဲ့တန်ဖိုးကိုသိပြီးတန်ဖိုးရှိလာအောင်
နေ့စဉ်နဲ့အမျှ၊အချိန်တိုင်း,စက္ကန့်တိုင်းနဲ့အမျှ
မင်္ဂလာရှိနေအောင်ကြိုးစားနေကြရင်..
အဲ-လောကမှာပြောနေကြတဲ့
"စက္ကန့်တိုင်းကိုစိန်စီထားမယ်"အစစ်ဖြစ်နေမှာ
မလွဲပါဘူး။
အိုနေ့မင်္ဂလာများဖြင့်စက္ကန့်တိုင်းကိုစိန်စီပြီး
နိဗ္ဗာန်စိန်နန်းတော်ကြီးတည်ဆောက်နိုင်ကြပါစေ...
မွေးနေ့ဟောမည့်တရားအတွက်
ကောက်ကြောင်းနိဒါန်းလေးပါ၊
မွေးနေ့မနက် ၉.၃၀-မှအပြီးချယ်မှုံးပါမယ်။
၁၉.၁.၂၂
 
 
 
 
 
ဓမ္မဘေရီဆရာတော်
01-19-2022
Facebook